ထိပ်တန်းအခွန်ပညာပေးဆောင်းပါး
အခွန်တံဆိပ်ခေါင်း တန်ဖိုးသတ်မှတ်ချက်နှင့် တံဆိပ်ခေါင်းပယ်ဖျက်ခြင်း
တံဆိပ်ခေါင်းခွန်၃
စာချုပ်စာတမ်းများတွင် အသုံးပြုသည့် နှိပ်တံဆိပ်ခေါင်း၊ ကပ်တံဆိပ်ခေါင်းတန်ဖိုးများနှင့် ပယ်ဖျက်ခြင်းသတ်မှတ်ချက်။
အခွန်တံဆိပ်ခေါင်းဆိုသည်မှာ စာချုပ်စာတမ်းများနှင့် သဘောတူညီချက်များကို တရားဝင် အသိအမှတ်ဖြစ်စေရန် ပေးဆောင်ရသောအခွန်အမျိုးအစားဖြစ်သည်။
နှိပ်တံဆိပ်ခေါင်းကို စာချုပ်အမျိုးမျိုး ချုပ်ဆိုရာတွင် အသုံးပြုပြီး ကျပ် ၂,၀၀၀၊ ၃,၀၀၀ နှင့် ၅,၀၀၀ တန်ဖိုးများဖြင့် သတ်မှတ်ထားပါသည်။
ကပ်တံဆိပ်ခေါင်းကို စာချုပ်ချုပ်ဆိုပြီးနောက် ကျသင့်အခွန်ပေးဆောင်ရာနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများတွင် အသုံးပြုပါသည်။ သတ်မှတ်ထားသည့်တန်ဖိုးများမှာ ကျပ် ၅၀၀၊ ၁,၀၀၀၊ ၂,၀၀၀၊ ၃,၀၀၀၊ ၅,၀၀၀၊ ၁၀,၀၀၀၊ ၅၀,၀၀၀၊ ၁၀၀,၀၀၀ နှင့် ၁,၀၀၀,၀၀၀ တို့ဖြစ်ပါသည်။
တံဆိပ်ခေါင်းဝယ်ယူသည့်အခါ ထပ်မံအသုံးမပြုနိုင်အောင် ရုံးတံဆိပ်တုံးရိုက်နှိပ်၍ မြို့နယ်အခွန်မှူးက လက်မှတ်ရေးထိုးပေးရပါမည်။