ဆောင်းပါး
ဝင်ငွေခွန် ကြေညာလွှာနှင့် စည်းကြပ်မှုစံနှုန်း
ဝင်ငွေခွန်၀
အခွန်ထမ်း၏ ကြေညာလွှာ၊ ထွက်ဆိုချက်၊ စာရင်းအထောက်အထားနှင့် ကွင်းဆင်းစစ်ဆေးမှုအပေါ် အခြေခံပြီး စည်းကြပ်သည်။
ဝင်ငွေခွန်စည်းကြပ်ရာတွင် မြို့နယ်အခွန်ရုံးမှ ပေးပို့သည့် အကြောင်းကြားစာအရ အခွန်ထမ်းက ကြေညာလွှာတင်သွင်းရပါမည်။ ကြေညာလွှာတွင် ဝင်ငွေ၊ အသုံးစရိတ်နှင့် အသားတင်အမြတ်ဆိုင်ရာ အချက်အလက်များကို မှန်ကန်စွာ ဖော်ပြရပါမည်။
မြို့နယ်အခွန်ရုံးသည် အခွန်ထမ်း၏ ထွက်ဆိုချက်များကို မှတ်တမ်းတင်ပြီး လိုအပ်ပါက လုပ်ငန်းနေရာသို့ ကွင်းဆင်းစစ်ဆေးနိုင်ပါသည်။ အခွန်ထမ်း၏ထွက်ဆိုချက်၊ စာရင်းအထောက်အထားနှင့် အခွန်ရုံး၏သုံးသပ်ချက်တို့အပေါ် အခြေခံ၍ ကျသင့်အခွန်ကို စည်းကြပ်ပါသည်။