အကောက်ခွန်အသက်ဝင်လျက်ရှိ
အကောက်ခွန်နှုန်းထားများ
၅
ရိုးရိုးကုန်စည်၊ အထူးကုန်စည်နှင့် ဖြတ်သန်းကုန်စည်များအတွက် ၂၀၂၆ အကောက်ခွန်နှုန်းထားများ။
စာရွက်စာတမ်းအမှတ် = အခစံ-၂၀၂၆-၀၁ထုတ်ပြန်သည့်ရက် = ၂၀၂၆ အောက်တိုဘာ ၁၅
နယ်စပ်ဂိတ်များတွင် ပို့ကုန်နှင့် သွင်းကုန်များကို ကုန်စည်အမျိုးအစားအလိုက် အောက်ပါနှုန်းထားများဖြင့် စည်းကြပ်ပါသည်။
ရိုးရိုးကုန်စည် — ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း
အထူးကုန်စည် — ပစ္စည်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း
ဖြတ်သန်းသွားလာသည့်ကုန်စည် — ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း
မှတ်ချက် − အရက်၊ ဘီယာ၊ ဝိုင်၊ ဆေးလိပ်၊ သဘာဝသယံဇာတနှင့် တွင်းထွက်ပစ္စည်းများကို အထူးကုန်စည်အဖြစ် သတ်မှတ်ပြီး အထူးကုန်စည်စာရင်းတွင် မပါဝင်သော ကုန်စည်များကို ရိုးရိုးကုန်စည်အဖြစ် သတ်မှတ်ပါသည်။